၁။ အသစ်သစ်လျှင်၊ ကွန်ရစ်ပျံမြူး၊
တိမ်ယံခူး၍၊ တေးထူးသံသာ၊
သန်းယံခါ၏၊ တန်းဆာသဘွယ်၊
ဖြစ်အံ့ရွယ်လျက်၊ ကြယ်တာရာနတ်၊
ယုန်ရဟတ်နှင့်၊ ဘုံပြာသာဒ်ငွေ၊
စိုးမင်းတွေကို၊ ဖျော်ဖြေသည့်နှယ်၊
အောက်ဝယ်တည်ခြင်း၊ ကျူရောင်းကျင်းသည်၊
စောင်နှင်းမြူခြုံ၊ အိပ်စက်ကုန်သား၊
ရဂုံတောင်ကမ်း၊ ရေယဉ်စမ်းနှင့်၊
တလွှမ်းမြေပြင်၊ ဧစိမ့်ရင်၍၊
ကြည်သွင်"ဧချင်း"၊ ပဏ္ဏာနှင်းသို့၊
ညှင်းညှင်းငြိမ့်ငြိမ့်၊ ဆိမ့်အိန့်ချိုမွန်၊
ချစ်ဘွယ်လွန်သည်၊ ၊ ထွန်ဘိ သည်လည်း- ဘိုးခေါင်ငှက်။
၂။ သီဝေမြှင့်ခေါင်၊ တိမ်ယံဘောင်ကို၊
အတောင်လှစ်ခွင်း၊ ဖြတ်သန်းလျှင်း၍၊
မင်းမင်းဥက္ကဌ်၊ မွေဓာတ်သရီ၊
မြတ်စေတီကို၊ ကျူးချီနှုတ်ဘော်၊
ရှိကော်ရော်လျက်၊ "သြော်-လူ့ဘဝ၊
တဒင်္ဂငယ်၊ ဖြင့်မျှဆင်းရဲ၊
မြူဆန်ကွဲမျှ၊ ပျော်ပွဲတည်မှာ၊
ကင်းမဲ့စွာလည်း၊ အကာကိုပင်၊
အနှစ်ထင်၍၊ ပြစ်တင်မရှိ၊
လောကီစည်းစိမ်၊ ရွှင်တင်းတိမ်ခလျက်၊
ငါ့အိမ်ငါ့ယာ၊ ငါ့ဥစ္စာနှင့်၊
ငါ့မှာဂုဏ်ဒြပ်၊ ပေါပေလတ်ခဲ့၊
အမှတ်မဘွယ်၊ ငါ့,တသွယ်ကြောင့်၊
ချုပ်ချယ်ခြင်းမည်၊ အပြည်ပြည်မှာ၊
လည်သံသာစက်၊ နိဗ္ဗာန်လက်ဖြင့်၊
လှမ်းခက်ဘယ်မှာ၊ ရပေရာအံ့၊"
ဘယာကိုရှု၊ ဧမှုကိုရွယ်၊
သူတော့်နွယ်ကို၊ ပျံ့လှယ်ချိုမွှေး၊
ကောင်းချီးပေးသည်၊ ၊ ရင့်ကြွေး သည်လည်း ဘိုးခေါင်ငှက်။
၃။ ပျံ့သင်း ပျံ့သင်း၊ သန့်ညှင်းညှင်းနှင့်၊
သွင်းသွင်းလေလျဉ်၊ ရထားယာဉ်ကို၊
စဉ်၍စီးကား၊ မြန်းခဲ့လာသော်၊
စန္ဒာ ငွေနတ်၊ ရောင်စုံဟပ်သည်၊
မှတ်ဘွယ်သက်တွင်၊ သာမောလွင်၍၊
ရိခွင် ပန်းမာလ်၊ နှစ်ကိုယ့်စံလျက်၊
ဆိုပြန်စကား၊ " အိုသက်ထားရဲ့၊
ဖြစ်သားလူ့ကိုယ်၊ မမြဲလိုလည်း၊
နဂိုရ် ဓမ္မစစ်၊ အချစ်ဓာတ်မှာ၊
သီတာ ခုနစ်တန်၊ တောင်ယံခုနှစ်မြှင့်၊
ကဲဆင့်မြင့်မိုရ်၊ တို့ထက် ပို၏၊
နှိုင်းဆိုမတန်၊ တည်မြဲ မှန်၍၊
အကမ္ဘာဘာ၊ စက် သံသာ၌၊
မေတ္တာခဲဘွယ်၊ သုံးဆောင်လှယ်လျက်၊
မောင်မယ် ရွှင်ပြီး၊ တူဘော်မှီးကာ၊
ခရီး နိဗ္ဗူ၊ သွားအံ့ ဟူ၍၊
တယူ ကျင့်ကြံ၊ သုံးမည်ကံလည်း၊
တော်မှန် စင်စစ်၊ ယွင်းမလစ်တည့်၊
ကျစ်လျစ် စုံကလျာ၊ ပုံပမာမူ၊
ယုံလွှာ စံတကူး၊ တို့ထက်ထူးအောင်၊
အံ့မူး အခေါင်၊ ဧဘွယ်ဆောင်သည်၊
လူ့ဘောင် နတ်ပြည်၊ မေတ္တာမည်ခဲ့၊"
တည်တည် သံမြ၊ ကြင်ယုယလျက်၊
မြွက်ဟ သည်ကို၊ ကြားသလိုနှင့်၊
နှုတ်ချို ကြည်စွာ၊ ရွှင်ရေးဖြာသည်၊
သာဘိ သည်လည်း- ဘိုးခေါင်ငှက်။
မောင်အေးမောင်
တက္ကသိုလ်ကျောင်းတိုက်နှစ်လည် မဂ္ဂဇင်း ၁၂၉၅-ခု၊ တပေါင်းလ။
2010/08/26
Related Posts
ဗြောသံ
ပလုပ်ဗြုန်းရယ်နဲ့တောင်ကုန်းရွာ သာစခန်းဆီကဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့သာသနာ ဝါဝါလန်းရန်တဲ့ဆန်းလိုက...Read more
ဒဂုန်နတ်ရှင်သို့ ရေးသည့် တေးထပ်
ဦးချစ်မောင် ဒဂုန်မှာ အသာဝင့်မယ်လို့ ခါမလင့်ထွက်လာ။ စာမချင့် ထွက်ဗလာငယ် ရှက်စရာပေပဲ။ တက္ကသိုလ်မ...Read more
ဦးချစ်မောင် မိခင်ရေးသားသည့် တေးထပ်
ဦးချစ်မောင် ရှေးသရော်ကာလက စာ သ ဘိ ဝေးမြေ။ မှာကြသည့် တေးတွေမှာ၊ ကျေးစေသည် တထုံး။ ထိုကမှ နှစ်ပါးဆ...Read more
ဦးချစ်မောင်ရေး ဒွေးချိုး
ဦးချစ်မောင် ဟိတ်မလျှော် အအိပ်တော် သီသီမွေ့တာမို့ စီပေ့မယ် ဘယ်လိုခြယ်တော့ မဖွယ်စာသွား။ မှီတင်...Read more
တင်လေးသို့ ပေးစာမှ တေးထပ်
ဦးချစ်မောင် တောတစ်ခွင် မြိုင်အကွေ့ ကြိုင်သ၍ဂေါ်သဇင် လှိုင်ရဝေ့ တော်ဝင်သည် သြော် အယဉ်အလှ ဘယ...Read more
မောင်ဖေငယ်စပ်ဆိုသည့် တေးထပ်
ကလေးလို ဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။ နုပါးတော်မေ...Read more
Subscribe to:
Post Comments
(
Atom
)
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.