တောင်သမန်လယ်စား၊ နှုတ်ဖြင့်ရုတ်ချည်းစပ်ဆိုသော တေးထပ်
ကျုပ်လင်ကို တည့်တည့်လှည့်လို့၊ ယိတိတိပြောမူ၊
စိစိကြည့်သောသူကို၊ ဘောမတူနိုင်ကြောင်း။
ကျွန်မထက်ပျိုရေသာစေ၊ အို ဝေလာ ဝေးစခွာရှောင်း။
မ, ဆိုလို့ နှုတ်ချိုလျှင်၊ ဒုတ်တိုနှင့်ချက်ကောင်း။
ခုတ်မလို မျက်စောင်းနှင့် လက်ခမောင်းခတ်ချင်။
ဆွဲစွန်တောင် စွေတစောင်းနှင့်၊ ရွှေခါးတောင်းကြိုက်မယ်သာပြင်။
တရည်းစား၊ တမယားလင်ကို၊ ကြားမဝင်စေတမ်းလို့၊
ရွှေကျမ်းများ သောက်တော်မူ၊ ဟောပြအယူ။
ဘောထလို့ ပြောရသူမှာ၊ ဒေါသမူထွက်ဆဲမို့လေး
တောင်သမန်လယ်စား မောင်ဖေငယ်
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.