(၁) ရတနာမဏ္ဍိုင်၊ ပင်ရင်းခိုင်၍၊ ရောင်ဆိုင်ဖြူးဖြူး၊ လေးဖြာမြူးလျက်၊ ပွင့်ဖူးယူဇနာ၊ သင်္ချာ ရှစ်သောင်း၊ လေးထောင် ဆောင်းမှ၊ အပေါင်း ရံမြောက်၊ နှစ်ထောင် မြောက်သား၊ အောက်စကြ၀ဠာ၊ လဟာရစ်သိုင်း၊ ကြပ်ထိုင်းဝန်းလန်၊ လေးမည်ကျွန်းကြီး၊ အသီးနှစ်ထောင်၊ ကုန်အောင်ပေါင်းက၊ ကမ္ဘာမ၌၊ သစ်လှလေးပင်၊ နိမိတ်ထင်သား၊ ယင်းတွင်အစ၊ မဟာသမ္မတ၊ ရှေးမှထိုမင်း၊ အနွယ်ခင်းသား၊ သနင်းစောလှ၊ ဗြိကြမ္မ တိတျာ၊ မဟာပ၀ရ၊ အမည်ရသား၊ ပြည်မျာ့းထွတ်ချာ၊ ထိုရာဇာလျှင်၊ ဆရာကိုးယောက်၊ ခိုင်းပယ်လောက်သည်၊ ၊ လက်မြောက်လွန်ကျော် စွာသတည်း။
(၂) ထိုသည်မင်းဖျား၊ စောတရားကို၊ ကိုးပါးဆရာ၊ ပညာကြီးလှ၊ ဣသိရတို့၊ ဓမ္မကျမ်းပေါင်း၊ တရားကောင်းတိ၊ တစ်ကြောင်းတစ်ယောက်၊ ဟောရိုးကောက်၍၊ မဖောက်မယွင်း၊ တကာမင်းကို၊ သံညင်းဖြည့်ဖြူး၊ ရွှေစောင်းကျူးသို့၊ ကျေးဇူးအတိ၊ ကျော်ခေါင်ထိမျှ၊ ကျော်သိလျှင်းအောင်၊ ကျော်ကြောင်းဆောင်လျက်၊ စောင်စောင်ပဲ့ပဲ့၊ တက်မကဲ့သို့၊ မငဲ့မကွက်၊ ဂုဏ်အနက်ကို၊ မယွက်မလှည့်၊ မတ်မတ်တည့်လျက်၊ ပုဒ်ပြည့်နာမ၊ စတုတ္ထသော်၊ ဧကဂါထံ၊ အသင့်ကြံ၍၊ ဟောသံရွတ်ချီ၊ တခုစီဖြင့်၊ ဂဗ္ဘီရတ္ထ၊ ညင်းညင်းပြသား၊ သာရရတ္တာ၊ မြတ်ဂါထာကို၊ တကာစောထွတ်၊ ရန်ညွန့်ဖြတ်အား၊ န၀ရတ်ကိုးပုံ၊ မျက်ကိုးစုံဖြင့်၊ ဆင်တုံမြဲတည်၊ ပတ်ဝိုက်ချည်သည်၊ ၊ ထွန်းလည်ရောင်လျှံ ဖြာသတည်း။
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.