မဟာဂီတမေဒနီကျမ်းမှထုတ်နုတ်သော တကောင်းမြို့ကောင်းစားစဉ် အခါကာလ၌ရေးသော ဖောင်လားကြိုးဟောင်း (၃) ပိုဒ်
(၁) ဘယ်ဘယ်တဲ့ ဘယ်ကမ္ဘာတွင် ကြားရဖူးပဲ။ စိုးမိုး စိုးမိုးပိုင်သည်လေ၊ လောကလောင်းမင်း။ လောင်းထွတ်ချာ၊ စက်ဘုန်းဝါညီးလို့ လင်းလင်း။ မူးရေပင်၊ စီးလာဝင်ဖြိုး ပြည့်လျှမ်းလျှမ်း။ ဖောင်နန်းစကြာလေ၊ စီးကြမင်းပေါင်း။ ဝင်းဝင်းမြူးစ လျှပ်လားလျှပ်လား၊ တွေးမိယိုးမှား။ ပျော်ပျော်မြန်းလို့ စီရွှင်ကာ။ လာမည်သာ လာမည်သာ မှာလို့လို့လေး။ ထင်ယောင်ကာ ထင်ယောင်ကာ မျှော်မိမိ။ ထဲပိုက်ကာတည့်၊ ထဲပိုက်ကာ။
၎င်းကာလရေး ဖောင်ငင်ကြိုးဟောင်း
(၂) ကမ်းကခွာ၊ စည်ငြာခြိမ့်သဲ၊ ကြေညာတန်းလို့ဆွဲ ကြကြ။ ရွှေလှေလျှပ်ဝင်းမြူး။ နန်းမဆောင်မှာမသာဘိဘဲ။ ခွေယိုင်ပတ်ဆိုင်ဆွဲ လို့လို့၊ ထွေတလာဆန်းထူး။ ဦးနှင့်ပဲ့မှာ၊ ရွှေနီကြာထုံစံမွှေး။ မြူးလို့မြန်းမည်စေ၊ ကြူးလို့ပြန်မည်စေ။ ဘုံနန်းဆောင်မှာအာရုံစွဲလို့၊ နန်းညွန့်ရွှင်စံမြဲ။ ရွှေစက်တင် အရှင်လားလို့၊ တွေးကြ မှတ်ယူမှား။ ဘယ်ရာဝင်ဆန်းလို့၊ တူမဆွယ်ထူးဝေး။ နန္ဒမူလိုဏ်ကသာ မြူးကွန့်လို့လေး။ ရွှေဟင်္သာဖောင်တော်မှာ လူလွန့်လို့လေး။ ဖောင်ဝန်မှာ၊ ကြိမ်ကိုင်ကာ၊ ဆော်ကာနှိုးလို့လေး။ ဖောင်တော်မှာ၊ ရွှေသော်တာ၊ ပေါ်လာထွန်းသို့။ တိမ်စွန်းလကိုသယ်လေတည့်၊ တိမ်စွန်းလကိုသယ်။
`
၎င်းကာလရေး ဖောင်ဆိုက်ကြိုးဟောင်း
(၃) ဖျော်ဖြေလို့ နေပါရင်လေ၊ ပြောင်းပြန်ဆန်းထူး။ မိုးလုံးမိုးလုံး၊ ဝေမှောင်လေ၊ လောင်းဆင့်ကဲမိုး။ ချမ်းအေးမြတောင်း။ လွမ်းကပေါင်း။ ပျော်ကြောင်းဖြေကာ၊ တတ်နိုင်ပါ။ မင်းရှင်လေချစ်ဟောင်း။ ယွင်းတိမ်းစောင်း။ သံပျောင်းညွှတ်ကာ၊ ဆန်းမာယာ၊ လာမည်သာ လာမည်သာမှာလို့လေး။ ထင်ယောင်ကာ ထင်ယောင်ကာ၊ မျှော်မိမိ။ ထဲပိုက်ကာတည့် ထဲပိုက်ကာ။
မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲမှ ကူးယူးဖော်ပြသည်။
မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲမှ ကူးယူးဖော်ပြသည်။
0 မှတ်ချက် :
Post a Comment