2013/08/04

ဦးချစ်မောင်


တောတစ်ခွင် မြိုင်အကွေ့
ကြိုင်သ၍ဂေါ်သဇင်
လှိုင်ရဝေ့ တော်ဝင်သည်
သြော် အယဉ်အလှ
ဘယ်ပန်းမှ မယှဉ်နိုင်
သဇင်ခိုင် ဘုန်းတင့်ပေစွ။

လူ့ထက် လူဘုန်းခေါင်
သုံးဆောင်တော်မူကြ
ထုံးသျှောင်ပေါ် မယူ 
သခင်က ဘယ်သူမှ ဝံ့ပေါင်။
ပန်ဆင်ရန် သဇင်ခက် 
မြင်လျက်နှင့် ဝေးကသာရှောင်။

ရဝေးခန်း ရွှေနန်းဆောင်မှာ
ခြွေမြန်းအောင် ယဉ်လှတတ်ကဲ့။
ချူစဉ်က ရိုးပေ့သာမန်
တိုး၍သာတန်။
ကြိုးသရွေ့ ဘဏ္ဍာမှန်သည်
ခါတစ်ရံ ဟုတ်ဖူးဗျလေး။

ချစ်မောင်
၂၇ ရက်

0 မှတ်ချက် :

Post a Comment