2010/08/23

ထောင်သင်းမှုးဆို၊ အဖြည့်ခံရတု (၂) ပိုဒ်နှင့် ရခိုင်ဥက္ကာပျံ အဖြည့် (၁) ပိုဒ်

(၁) မမျှသောင်းထောင်၊ နန်းညာတောင်ဝယ်၊ အခေါင်စံထား၊ နန်းမင်းသားလျှင်၊ နောင်ထွားကြင်ဖော်၊ မျောက်သားတော်ကြောင့်၊ မူးမော်သေပြတ်၊ ဖိုလ်မှလွတ်သို့၊ မချွတ်ဧကန်၊ နောင်မှာဟန်ကား၊ ဖြည်းသွန်းလေးညင်း၊ စိမ့်စိမ့်ချင်းလျက်၊ အင်ကြင်းဝါးနွယ်၊ အလှယ်လှယ်ကို၊ စံပယ်ပျော်ပါး၊ ရှေ့ဝယ်ထား၍၊ ဦးနားထိပ်ပြင်၊ ပန်ဆင်မတတ်၊ လေးမြတ်ယုယ၊ ပေးချင်လှ၏၊ ဆယ်ဆရွှေထက်၊ ပြစ်မစက်သည်၊     ၊ လူထက်ထွတ်လော ကြာနတ်လော။


(၂) မလှတောင်းအောင်၊ ခန်းသာချောင်ဝယ်၊ မြူမှောင်ဆံသန်း၊ ခြည်မတန်းတည့်၊ လဝန်းတန်ဆောင်၊ နေမပြောင်လည်း၊ ကိုယ်ရောင်လျှံလည်၊ ထွန်းတော့သည်ဟု၊ မွှေးကြည်ပျံ့ရှား၊ ကျွန်ုပ်နားဝယ်၊ စကားကိုသာ၊ မူးမော်ရှာမျှ၊ ကြံကာတွေးတော၊ သိချင်မောစွ၊ သဘောဆက်ဆက်၊ မေးကာမြွက်သည်၊     ၊ ဖြူညက်ထွတ်လော ပြာလတ်လော။

ဥက္ကာပျံ အဖြည့်

(၃) မရကြောင်းဆောင်၊ ပန်းရှာအောင်လည်း၊ နောင်မူကြံတွေ၊ စိတ်သာဝေမျှ၊ မြောက် ဧသန် စွန်၊ သရက္ခန် မွှေး၊ လေးသွေးပျံ့ကြူ၊ မဉ္ဇူနံ့ရွှင်း၊ ဖြည်းလေသွင်းက၊ အင်ကြင်းသန္ဓေ၊ သံသေဒဇ၊ ဂဗ္ဘလည်းဟူ၊ လူဟုဆိုရေး၊ ဝေးကြီးဝးခဲ့၊ မာန်သွေးရာဂီ၊ ဣရန္ဒီနတ်၊ ဥပပတ်လျှင်၊ ဟုတ်မောထင်၏။ စုံပင်စုံဖက်၊ ချစ်ဖို့သက်သည်၊      ၊ မြူရွက်ထွက်လော ညှာဝတ်လော။

0 မှတ်ချက် :

Post a Comment