မခူးချင်စမ်းပါနဲ့....
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။ ။
တစ်သိန်တင့်ပါဘိ....
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ကယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။ ။
တ၀ါဝါ ဆင်သင်္ကန်းရယ်က....
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့ သလား။ ။
ခူးပါနဲ့ကွယ်....
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ....။ ။
ဆရာဇော်ဂျီ
2010/08/19
Related Posts
ဗြောသံ
ပလုပ်ဗြုန်းရယ်နဲ့တောင်ကုန်းရွာ သာစခန်းဆီကဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့သာသနာ ဝါဝါလန်းရန်တဲ့ဆန်းလိုက...Read more
ဒဂုန်နတ်ရှင်သို့ ရေးသည့် တေးထပ်
ဦးချစ်မောင် ဒဂုန်မှာ အသာဝင့်မယ်လို့ ခါမလင့်ထွက်လာ။ စာမချင့် ထွက်ဗလာငယ် ရှက်စရာပေပဲ။ တက္ကသိုလ်မ...Read more
ဦးချစ်မောင် မိခင်ရေးသားသည့် တေးထပ်
ဦးချစ်မောင် ရှေးသရော်ကာလက စာ သ ဘိ ဝေးမြေ။ မှာကြသည့် တေးတွေမှာ၊ ကျေးစေသည် တထုံး။ ထိုကမှ နှစ်ပါးဆ...Read more
ဦးချစ်မောင်ရေး ဒွေးချိုး
ဦးချစ်မောင် ဟိတ်မလျှော် အအိပ်တော် သီသီမွေ့တာမို့ စီပေ့မယ် ဘယ်လိုခြယ်တော့ မဖွယ်စာသွား။ မှီတင်...Read more
တင်လေးသို့ ပေးစာမှ တေးထပ်
ဦးချစ်မောင် တောတစ်ခွင် မြိုင်အကွေ့ ကြိုင်သ၍ဂေါ်သဇင် လှိုင်ရဝေ့ တော်ဝင်သည် သြော် အယဉ်အလှ ဘယ...Read more
Subscribe to:
Post Comments
(
Atom
)
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.