2013/08/11

ဦးချစ်မောင်


ဒဂုန်မှာ အသာဝင့်မယ်လို့
ခါမလင့်ထွက်လာ။
စာမချင့် ထွက်ဗလာငယ်
ရှက်စရာပေပဲ။
တက္ကသိုလ်မဂ္ဂဇင်းစာမှာ
ပျက်ယွင်းမှာ လွဲတော့မလွဲ။

သုံးကာလာ့ ဘလောက်ယဉ်ကို
ကြောက်အတွင်သွေး၊
ဖဲဆံတောက် ခင်မေပုလဲရယ်နှင့်
နှစ်တွေမွဲ အရောင်၊
အဖုံးဆင် သုံးချင်ရက်ပါပေ့
ရှုံးပြင်ဘက် ရှုံးမယ့်စာစောင်။

ပျဉ်းဇာတိ ဦးမောင်မောင်ငယ်
နူးယောင်ယောင် ဟန်ဟိတ်နှင့်
သံပိတ်တက္ကသိုလ်
ထုတ်ခဲ့မြင့်မို။
ယခုဖြင့် အဆင်းအိုပြီ
အရှင်းကို ကွယ်မြုပ်ပေါ့လေး။

ဦးချစ်မောင်

0 မှတ်ချက် :

Post a Comment