2010/08/25

၁၊ မှုံပြာရီ၊      ၊ တိမ်နီချယ်သန်း၊
ညနေချမ်းဝယ်၊ ဆော်ဖျန်းလေပြေ၊
ဥသြဆွေလျှင်၊ နှုတ်ချွေရင့်ကြူ၊
ဘော်-တ,ရှုသော်၊ ကြုံးယူသဲဆိုင်၊
တမှိုင်မှိုင်နှင့်၊ ဗျာလှိုင်ဆွေးအင်၊
တွေးမရွှင်ပြီ၊ ဘဝင်သက်လုံ၊      ၊ ရီပြာမှုံ။

၂၊ ရီပြာမှုံ၊     ၊ သိုင်းခြုံရှစ်ခွင်၊
အမ္ဗုံဆင်လျက်၊ ဝန်းကျင်ရွက်သစ်၊
သွန်းနှစ်မြရည်၊ ဖူးပွင့်စည်က၊
မည်သာတိဂုံ၊ ခြေတော်စုံကို၊
အာရုံဖူးမျှော်၊ စိတ်ကိုဖျော်လည်း၊
မပျော်ပေဘူး၊ မိန်းမူးမှိုင်းသီ၊      ၊ ပြာမှုံရီ။

၃၊ ပြာမှုံရီ၊      ၊ သီဝေသွယ့်နှင်း၊
မင်းလွင်ကျင်း၍၊ ပျံ့သင်းသဇင်၊
ဂမုန်းအင်တို့၊ ဆောင်းခွင်စက်ခို၊
ငွေလိုပုလဲ၊ ပွင့်ကြဆဲလျှင်၊
ကြေကွဲဖန်ပြု၊ လွမ်းရတုကို၊
နွမ်းမှုမချိ၊ ရှုမိဖန်ခါ၊      ၊ မှုံရီပြာ။

၎၊ မှုံရီပြာ၊      ၊ လဝါခြည်သန်း၊
မြူခြေတန်းက၊ ပြူခန်းဝတွင်၊
ကိုယ်တည်းပင်လျှင်၊ ရွှင်ပါစိမ့်သောဝ်၊
ညဥ့်ကိုနှောသို့၊ တယောသံညှင်း၊
သီချင်းသီကာ၊ စောင်းတဖြာနှင့်၊
ဖြေပါသော်လဲ၊ ပြေဘဲလွမ်းသီ၊       ၊ မှုံပြာရီ။

မောင်အေးမောင်
တက္ကသိုလ်ကျောင်းတိုက်နှစ်လည်မဂ္ဂဇင်း ၁၂၉၄- ခု၊ တပို့တွဲလ။

0 မှတ်ချက် :

Post a Comment