ပင်တိုင်စံဓာတုကလျာအနွဲ့ငယ်ကြောင့်၊
ကြင်ပိုင်ရန်-စာအညုကဗျာဖွဲ့ရှာရ၊
မဟာသမုဒ္ဒယာချဲ့ပါတဲ့အကြောင်းခံ၊
အသက်လိုအချစ်ထူးရော့ထင့်၊
ပုရစ်ဖူးတွေဝေဝေမြိုင်တော့၊
မဖြေနိုင်အပူမီးငယ်ကြောင့်၊
တွေတွေမှိုင်အူအသည်းမှာဖြင့်၊ ညီးထိန်လို့လျှံ၊
စုလျားပြိုင်ဘွယ်တွေးလေဆွေးရော့ထင်။
ဘုရားတိုင်တသွယ်- ကြေးစေရေးပါလို့၊
ဝေးနေပေးကိုတဲ့ သူစီမံ၊ အိုတူညီရန်ကွဲ့ဘတ်သူအပေါင်း၊
ကြည့်တဖန်- အမိသဏ္ဌာန်တစမခြားတဲ့ပြင်၊
နှမအလားကွယ်၊ အပိုကြင်ပြန်၍၊
နဂိုရ်ယဉ်ဟန်သူကိုလေ၊
နှစ်ကိုယ်ယှဉ်စံကာ၊ အကိုဘုရင်အမှန်သမ္ဘာမောက်တာဖြင့်လဲ၊
ရဝိအဆောင်မှာ ကဝိမောင်မိဖုရားခေါင်မြှောက်ပါရဲ့တဲ့၊
မြန်မကြာ- ဟံသာကိုကြံကာနှောက်သော်ကြောင့်၊
စိတ်ရောက်ရာမအောင်မြင်ပါ၍၊
ကားစင်မှာ- ကုလားငစင်ကာတို့နှဲ့ တွဲပါလို့၊
သနားမကြင်နာ၊ အသားတံကျင်မှာစွဲသော်ကြောင့်၊
ကန်နဲ့သူတဖိုဖိုနှင့်၊ ဘိုကရိုအသေမလှသူမို့၊
ဟို- နဂိုရ် ပဝေအစရယ်က၊ မရေမရ ဖန်လှာပုံမကောင်းသနဲ့၊
အိုကွယ်အခြေမကျ၊ ခေရတဲ့ကံကြမ္မာအကြောင်း။
မောင်အေးမောင်
2010/08/25
Related Posts
ဗြောသံ
ပလုပ်ဗြုန်းရယ်နဲ့တောင်ကုန်းရွာ သာစခန်းဆီကဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့သာသနာ ဝါဝါလန်းရန်တဲ့ဆန်းလိုက...Read more
ဒဂုန်နတ်ရှင်သို့ ရေးသည့် တေးထပ်
ဦးချစ်မောင် ဒဂုန်မှာ အသာဝင့်မယ်လို့ ခါမလင့်ထွက်လာ။ စာမချင့် ထွက်ဗလာငယ် ရှက်စရာပေပဲ။ တက္ကသိုလ်မ...Read more
ဦးချစ်မောင် မိခင်ရေးသားသည့် တေးထပ်
ဦးချစ်မောင် ရှေးသရော်ကာလက စာ သ ဘိ ဝေးမြေ။ မှာကြသည့် တေးတွေမှာ၊ ကျေးစေသည် တထုံး။ ထိုကမှ နှစ်ပါးဆ...Read more
ဦးချစ်မောင်ရေး ဒွေးချိုး
ဦးချစ်မောင် ဟိတ်မလျှော် အအိပ်တော် သီသီမွေ့တာမို့ စီပေ့မယ် ဘယ်လိုခြယ်တော့ မဖွယ်စာသွား။ မှီတင်...Read more
တင်လေးသို့ ပေးစာမှ တေးထပ်
ဦးချစ်မောင် တောတစ်ခွင် မြိုင်အကွေ့ ကြိုင်သ၍ဂေါ်သဇင် လှိုင်ရဝေ့ တော်ဝင်သည် သြော် အယဉ်အလှ ဘယ...Read more
မောင်ဖေငယ်စပ်ဆိုသည့် တေးထပ်
ကလေးလို ဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။ နုပါးတော်မေ...Read more
Subscribe to:
Post Comments
(
Atom
)
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.