2010/08/19

ဆီမီးငယ်တဲ့ ထိန်ထိန်၊
အိုင်မင်း ရေကြည်က၊
ကြာငါးမည် ငုံအာစွင့်တယ်၊
ဖူးပွင့်ခါချိန်။
အာသ၀နီ ယှဉ်ကာချဉ်းပါလို့၊
လင်းလာတဲ့ ငွေတာရိန်ရယ်၊
ပြာမှိန်လျှက် မြူချိန်ဆိုင်း၊
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်၊
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ၊
မစဲပေါင်ကုသိုလ် နှိုးကြတယ်၊
မျိုးမြန်မာ့တိုင်း။

မဟာဂီတ ဦးပြုံးချို

1 မှတ်ချက် :