2010/08/19

နွေနှောင်းရက်ကျန်
ဝသန်ပေါ်ဦးခါအုံ့ပျမှိုင်းဆန်း
ယုဂန်ဘွေမြနန်းမှာ
ရွှေလျံလျှပ်နွယ်ခွေကာ
မိလ္လာချပ်ဆင်ဝေမှင်မှောင်ပြာ
တိမ်တိုက်ရွှေ့ပြောင်းလေလျင်လောင်းရာ
ကြွေကာကြွေကာ မြေမှာကြဲလျက်
ပုလဲရည်ငွေစက် ဖြန်းပက်စွေရွာ
မြူမှုန်လိမ်းကျံတဲ့
ညှိုးပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ
သန္တာလိုမြညိုရောကာ
ကြွေလျောကုန်လု ပုရစ်နုညှာချီ
နှောင်းနွေသန်လု စက်ရာသီမှာ
လေယူဆောင်နှင်း
မြေဆီမြေသင်းနံ့သာ
စိန်ခြူးအုံကြွ ကြာညောင်သဉ္စာ
ပန်းကြဲတဲ့ ဖဲစက်ရာမှာ
မယ့်ကိုယ်စားမွှေးမြလေသလား
ထင်မြင်ယောင်တွေးမိမှားကာ
သဲအူခြာကြွေအောင်ဖန်လာ
သက်လျာဓာတုရယ် မြင်လှည့်ပါ။

ဂီတနက်သန်ကိုစောညိန်း

0 မှတ်ချက် :

Post a Comment