မြကေသာ ထွာခန့်က၊
ခါငံ့လို့ကြင်ဟန်၊
ကြာတနန့်ပင်စံမှာ၊ ဘုရင်ခံထင်ရွေ့။
နန်းမွေရ အပြီးယူတယ်၊
ငွေထီးဖြူပွင့်လိမ့်ဘအေ့။
ရွှေသစ္စာ ယခုမူလျှင်၊
ကမ္ဘူ့သူယနေ့။
စုတဆူ ကလေ့က၊
မမေ့ပေါင် နော်နော်။
မြင်သမျှ အရေးကိုဖော်မယ်၊
လေးတင်တော်မူတတ်ကဲ့၊
လောင်းသိဒ္ဓတ် ပွင့်လျာနှယ်၊
အောက်မေ့လို့ရွယ်။
ရှိဦးချ ပူဇော်လှတယ်၊
ယသော်မယ်လိုဘဲ ဖျလေး။ ။
မြတောင်မြို့စား ထိပ်စုဘုရားလတ်
Home
»
တေးထပ်
»
မြတောင်မြို့စား ထိပ်စုဘုရားလတ်က သီပေါမင်းသားထံသို့ ပထမဦးစွာ ရေးသား ပေးပို့တော်မူသော (တေးထပ်)
2010/10/10
Subscribe to:
Post Comments
(
Atom
)
0 မှတ်ချက် :
Post a Comment