2010/10/28

သက်ဝေ

[ တေးဆို။ ပြည်လှဖေ ၊ မေရှင် ]
[ တေးရေး။ မြို့မငြိမ်း ]

[ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ

မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ
အသည်းမှာ စွဲမက် အသက်ကိုပုံမယ်လေ ] ၂

တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ

အသွေးယူ အသားကို လှူလှူ

စိတ်တူတယ် ရီရီ ပြုံးပြုံး
မဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရော စိတ်ပါ လိုက်ရောရပါမယ်လေ

[ ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေ ကွယ်စေ
မြမြင်းမိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ ] ၂

ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့ပြင်
ဆထမ်းပိုး တိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကိုခြွေ

သက်ဝေ.....

ချစ်မက်မပြေတယ်လေ

ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပေ
မငြိုငြင်ဘူးရှင့်
အသင့် လိုရာစေ

မခိုင်းရက်ဘူးကွယ့်
ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ

ချစ်သက်ဝေ နှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ

လှသထက် လှမယ်ဆိုရင်
ဆေးဘက်ဝင်ပါသလား
မောင့် အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ
အသုံးပြုပါလေ
ကြည်ဖြူပါတယ် လိုရာကို ယူစေ...

[ ဓူဝံကြယ် မြေမှာခကြွေ... သွေကွက်မယ် စိတ်ဝယ်မပွေ ]

Rita, Evergreen Sky ! မှ ကူးယူပါသည်။

28 Oct 2010

0 မှတ်ချက် :

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.