2011/08/17

“မင်းလွင် မင်းလွင်ကအုံ့၊ လေပြေလေညှင်းလှုံ့ပါလို့လေး။ ကဆုန်နယုန်အချိန်အခါ၊ ပြည်ကြီးတောင်လက်ျာ၊ သောင်းယူဇနာကျယ်ဝင်း၊ တောင်သမန်တည့်အင်း၊ မြစ်ချင်း မြစ်ချင်း ဟင်းငန်၊ လှိုင်းတည့်လှိုင်းပေါ်စံ၊ ငါးဒန်ငါးဒန်ငါးဒန်စုံမ၊ ငါးလူးသမီး ငါလဲကြီးကို ဇနီးမတော်ရ,ရလေ၊ မှင်စငယ်လေများလျား၊ ငနောက်ငနောက်သွား၊ ကမ်းနားငယ်ခို, ခိုကြလေ။ ကမ်းပါးငယ်ပျိုမျှ, ပျိုမျှလေ၊ ထ,မြူးလေမုန်တိုင်း၊ တံပိုးပင်လယ်လှိုင်း၊ ဂလိုင်ဂလိုင်ညီညွတ်၊ လှိုင်းပင်သာ လှိုင်းကြက်ခွပ်ကယ်နှင့်လေး။

ရေနတ်ကယ်သာ ရွှင်ပျော်မြူးကြလေး။ ခွေညွတ်ကယ် မြင်သူမူးမျှ, မူးမျှ၊ ထူးထွေလာတည့် ထူးထွေလာ”


မှတ်ချက်။ ထိုသီချင်းကြီးသည် တပုဒ်လုံးမဟုတ်ပါ။ တပိုဒ်မျှသာ ဖြစ်ပါတယ်။ ထိုသီချင်းကြီးကို အပြည့်အစုံရသူများ ရှိသူများအား ဖြည့်စွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

0 မှတ်ချက် :

Post a Comment