“ထောင်ရောင်နေ၊ မှောင်မှောင်ချွေ၊ နန်းအမရ, ရွှေဘုံမြေ။ ရဝေရဝေနန်းမ၊ ဘုန်းတော်ရောင် ထွန်းပပါလို့လေး။ သကငယ်မဉ္ဇူ၊ မွှေတည့်မွှေးလှိုင်ကြူ၊ ဇမ္ဗူခွန်ယူ၊ ဝှန်ဆူဖြန့်မိုး၊ အုန်းပင် အုန်းချိမ့် စိုးပါလို့လေး။ သာမျိုး, သာမျိုးပတ်ရန်၊ တောင်တည့် တောင်သမန်၊ ဆဒ္ဒန်, ဆဒ္ဒန်ကြာတော၊ ရေကြည်ဇောင်းကလေငယ်နှင့်၊ အံ့ဩကုန်နိုင်ဘွယ်လေတည့်မှ၊ လျှံညီး အောင်ပင်လယ်။ ရှုဘွယ်နက်ကျယ်၊ ရှုဘွယ်သာခင်း။ နန္ဒာမြအဆင်းငယ်နှင့်၊ မြစ်မင်းဧရာရုံလေတည့်မှ၊ ပျော်ခင်းသည်သာဆုံ၊ သောင်းလုံးကြေးမုံ၊ ရွှေဘုံရွှေနန်း။ သော်တာ သစ်သစ်ကယ်ဆန်းသည်သို့၊ မင်းခမ်းရွှေညီလာ လေတည့်မှ မင်းခမ်းရွှေညီလာ”
မှတ်ချက်။ ထိုကြိုးသီချင်းကြီးသည်လည်း တပုဒ်လုံး မဟုတ်ဟု ယူဆရသည်။ တပိုဒ်သာ ဖြစ်နိုင်ပါသည်။
မှတ်ချက်။ ထိုကြိုးသီချင်းကြီးသည်လည်း တပုဒ်လုံး မဟုတ်ဟု ယူဆရသည်။ တပိုဒ်သာ ဖြစ်နိုင်ပါသည်။
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.