2011/08/05


ကိုးမျက်ရောင်ဝေ၊
သီဟဘွေမြင့်မှာလ၊
ဖြူရှစ်ဆိုင်ဘွင့်ပါလို့ နောင်နှင့်စံ၊
ဗြဟ္မာသဟံ၊
အောင်သံညွှန်းတယ်၊
သွန်း… တူဆက်ခံ။

အို… ရှုမအားနိုင်ဘု တပါးဟန်၊
သနားတော်ပိုရန်ကော့၊
ဖန်ဖန်ဆင်ကုံး၊
ဆယ်သင်္ချေ ဆုံးစေတော့၊
ဘုန်းတမေ၊
အောင်ပန်းဘိသေ၊
နေနွယ်နတ်ကယ်၊
မျိုးဥက္ကဋ္ဌ်ဆွေ။

သည်လှတပါးပြင်ဖြင့်၊
ခြားမသွေ၊
နာကုမ္မာလာစေတော့၊
သွေပေါင်ဘယ်နဲ၊
ကမ္ဘာတိုင်ခွဲပါဘု၊
မြဲနှစ်ကိုယ်၊
နောင်ငဲ့မေတ္တာ၊
ဂင်္ဂါသဲလို၊
ကဲဆထက်ပို၊
ယုံစမ်းတော်မူပါတော့၊
နန်းပင်ကိုယ်၊
မှန်သစ္စာဆိုမယ်ပ၊
ငြိမ်မပြယ်ဘူး၊
နောင်မဂ္ဂမှူးမယ်လို့၊
ဆုထူးဆင်၊
မရသဉ်မှန်စေတော့၊
နောင်တဉာဏ်ဆန်းပေါင်၊
နန်းညာငဲ့ပြင်။

သည်ဆွေလိုမြဲပါစ၊
စွဲစိတ်တွင်
မြခြူးကြာညောင် ငသဉ်မြင့်၊
သဇင်စက်အုံး၊
နွဲ့နိုင်ဆုံးငယ်ကဘုန်းနှင့်ရွယ်၊
သစ္စာတော်သွေဖီလို့၊
မတည်ကြည်ဆိုးရန်၊
စိုးပူမှုကြွယ်။

ပန်းစုံသင်းတဲ့၊
ခင်းစက်လယ်၊
နှစ်နားကြည်ဘွယ်နှင့် စပါယ်ချိုခွန်း၊
တကယ်ညွှန်းပါမှ၊
ကျွမ်းသလိုဆွေ၊
ပတ္တမြားဝေဘူငဲ့၊
စံတဆူထူးကို၊
မှူးညာမြင့်နေ။

ဆွယ်ဘက်ရန်ရှားပါငဲ့၊
တပါးမေ၊
တော်လေးဝင်ညာမဟေသို့၊
နောင်သွေပေါင်ဘဲ၊
ယဉ်ဟန်တော်ကဲပါဘိ၊
လှနဲစုံ၊
ဖြူရိပ်ကယ်ကြာ ငသဉ်ညောင်က၊
တောင်ဆောင်ဘွေခေါင်ညာနေနတ်ကိုလေး၊
အားသတ်လို့ပုံ။
05 Aug 2011

0 မှတ်ချက် :

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.