2011/08/05


အာကာယံထဲ၊ စံမြဲမြန်းလို့၊ နန်းဖလ်ဆောင်လှိုင်း၊ ရွှေတိမ်တောင်၊ စိမ့်ကြီး, မြိုင်ကြီး, ရိပ်ကြီး, သာခေါင်၊ မှိုင်းဝေဆာမှောင်၊ မြအရောင်လို၊ တတောင်လုံး ရွာမည့်ဟန်လို၊ မိုမိုဆင်လာ၊ ပါဆိုင်းထွေထွေ၊ မှိုင်းဝေဝေ သဲခုံပေါ် ငွေပုလဲလိုကုံး၊ ဆည်းဆာညံညံဖန်လာ၊ တောဟေဝန္တာ၊ တောင်ဂန္ဓာ၊ မာလာဂန္ဓာ၊ နတ်ကယ်ဖန်တော် နန်းငယ် နန္ဒမူ၊ မဉ္ဇူရွှေရောင် လှိုင်ရနံ့မွှေး၊ ယူဆောင် လေညှင်းသွေး၊ ကျေးလုံးညိုညိုပြာ ပေါင်စိမ်းလဲ့ ငွေရောင်၊ ဖြန့်ရွှေတောင် ပုလဲကူတနဲထူး၊ မြိုင်ဦးရဂုံမှာ၊ မှောင်မှောင်သာ မိုက်ပါလို့ ပိန်းစိုက်ကာရွာသလေ….။

တိမ်တိမ်ညိုကြောငယ်က၊ ပန်းဖြေလှုံကာ၊ လဲ့လဲ့ငယ်ပြာပြာ၊ တောင်ရိပ်ကယ်သာ၊ မြိုင်ကြီးတောဟေမာ၊ လမ်းဘယ်ညာငယ်လေး၊ မိလ္လာငယ် ရောင်မြန်း၊ ပန်တော်ဆွတ်သည့်ပန်း၊ ညွှန်းရှင်ငယ်လူလန်း၊ ပင်နန်းငယ် သပြေ၊ သီးမှည့် ဇမ္ဗူရွှေစီး၊ ရေ၊ မြအဆင်း၊ သောင်ငွေပုလဲခင်း၊ အို… ရင်တွင်းတုန်လှကံ၊ မြင်ဘူး ကြုံရပြန်၊ နတ်ကယ်ဘန်၊ မှန်မည်ဖြစ်မြဲပေပလေ။ ဆက်သရာ ဖူးရွှေစာ ရွှေဘွင်ဆိုင်းလို့လေး။ ရေးရုပ်သွင်၊ ပါးတွင် ကွယ်ထင်ရှိလို့၊ မြင်မိယောင်သား၊ ရွေသုံးရံကာတဲ့၊ ရွှေမျက်နှာ သော်တာဝန်းငယ်ကို၊ နော်…. ထွန်းပေ့လား။

0 မှတ်ချက် :

Post a Comment