2011/08/17

(ဘားနဒ်ပိဋကတ်တိုက်ရှိ ပေမူမှ ကူးသည်။)

နှုန်းနှန်းထောက်စာ၊ နှိုင်းဖက်ရှား။ မိုးသိကြား၊ ယိုးမမှား၊ ထင်ယောင်ဝိုးတဝါး။ တိုင်းတစ်လွှား၊ ကြေညာခြိမ်းအာဏာ။ ဧတည့်သာဧဧကရာ။ ပွားများပွားများ ဓွန့်ရှည်တောင်း၊ တိုင်းပြည်တော်ပေါင်း။ ရွှင်လန်းရွှင်လန်းပျော်စံပယ်သာ။ စံပယ်သောင်းသဲသောင်းသဲအများ။ ရထားဗိုလ်ခြေ၊ မြင်းတည့်မြင်းဆင်တွေ။ ရေမြေတောတောင်ခြိမ့်အုန်းအောင်။ ခြိမ့်ခြိမ့်အုန်းအင်း၊ စုရုံးရင်း။ တီးကြမှုတ်ကြစည်ဗုံမောင်း၊ ငြင်းသံသာစောင်း။ သံပျောင်းသနွှဲ၊ နှဲပတ်သာလေတည့် နှဲပတ်သာ။

မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ။ နှာ- ၃။ ပိုဒ်-၄။

0 မှတ်ချက် :

Post a Comment