(ဘားနဒ်ပိဋကတ်တိုက်ရှိ ပေမူမှ ကူးသည်။)
ထွန်းလင်းတောက်ပရောင်ခြည်၊ ပွင့်လျှံစည်။ ဘုန်းတောက်ပနှုန်းနှင်း၊ ပထွန်းဝင်း။ မိုးနှင်းမြတ်ရာ၊ စံရွှင်ကာ၊ အံ့ရာဆကျူးကျူး၊ လှိုင်းတမြူးမြူး။ ဆန်းထူးပြား သာလှလှလေ။ ဘုန်းမိုးဝေစွေလ လှလှလေး။ ယဉ်မျိုးယဉ်မျိုးချုပ်ယူ။၊ စိုးတော်မူ။ နှိုန်းနှုန်းဖက်ယူမိုးမှာလူ၊ နတ်တူစံမြန်းရရလေး။ မြတ်ခြွေရံစံပယ်ခခလေး။ ဘုန်းပန်းထိန်းဝင်း၊ လှိုင်ပျံ့ပျံ့သင်း။ ဝင်းပလာ၊ ထွန်းသော်တာ။ အံ့ရာစည်လေမောင်း၊ ယဉ်လေယဉ်လေပျောင်း။ ရာထောင်ပေါင်းမြင့်မြင့်၊ သောင်းခြံရံလေတည့် သောင်းခြံရံ။
မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ။ နှာ- ၃။ ပိုဒ်- ၅။
0 မှတ်ချက် :
Post a Comment