တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့
သာသနာ ဝါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ဗြောသံစည်။
အလို... နေခြည်မှာ ၊ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲမက
အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ။
တစ်လတာ သည်အရေးကိုလှ
မဟဝါ ကြည်ကြည်ပေးပါတဲ့
ရတုချို စိတ်ကိုသွေးလေတော့
မလေးမောင် ရွှေယောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက်မတည်။
မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောအခါ
ကညာလုံ ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
မတွယ်တာ ဆယ်ခါလွှတ်မယ်တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။
ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်
လှောင်ချက်ကယ်နာ
မောင်မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီခိုရပေ
တလဆို ရက်ကိုချဉ်းပါဖျ
ဘွာခတ်ကာ ခမျာငြင်းလေတော့
ယောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့ 
ညှင်းတဲ့တုတ်ဗြုန်း။ ။
မင်းသုဝဏ်
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.