ဦးချစ်မောင် |
တရားယူ သွားသူရှုသော်လည်း
ပွားပူမှု လျှမ်းပွေ။
များလူထု သန်းကုဋေကို
လွမ်းစေဖန်ရော့။
(သြော် အနိစ္စ.... အနိစ္စ) မမြဲတဲ့ သလဲပြင်မှာ
တဲ အရှင် ဆောက်ကြပြန်တော့
ဖူးပရစ် သူ့ချစ်နှောင်ကို
ရူးဖြစ်အောင် ကြံပေါ့။
ဦးချစ်မောင် တစ်ဖန်ကျော့ပါလို့
မပြန်တော့ရှာပြီ။
အပူကို ဘယ်သူစတယ်လို့
မူလက စစ်မှ တော်မည်။
တဏှာ၏ ဘာဝိနီမှာ
ဇာတိရည် သူအမြစ်ဟာမို့
လူအဖြစ် ရောက်ရမသွေ
ထောက်ဆပါလေ
ကြောက်စရာ့ သံသာရေမှာ
ဖန်ခါတွေ ကြုံခဲ့လို့လေး။
ဒဂုန်နတ်ရှင်
[ဈေးနှုန်းသတင်းစာ၊ ဧပြီ ၁၉၄၆]
0 မှတ်ချက် :
Post a Comment