![]() |
ဦးချစ်မောင်ပုံ |
အတင်းသာ ဖက်မငြင်းနိုင်လို့
မင်းမရဏာ လက်အတွင်းကိုဖြင့်
သက်ဆင်းရှာပေါ့ ဦးချစ်မောင်။
သြော်... ဖြေမတင်းနိုင်ဘု
ကွေကွင်းကာ သွေဖည်သူကြောင့်
နေဆယ်ဆူ ဘယ်မကပါဘူး
ည်းအိမ်မှာ မီးရှိန်ခတယ်
ပြင်းပြ ပူလောင်။
ပြန့်ပြောကျယ် ပါရမီ့ငယ်နှင့်
အံ့သြဖွယ် သမ္ဘာရှိပါဘိ
မြန်မာပြည့် မဟာအသရေဆောင်ငယ်
ခွာသေရှာင်တာက အလွန်စော။
ရှင်နှင့်လူ၊ ရင်ပင့်ကာ တဆူဆူနဲ့
သူတစ်မူ ငါတစ်နည်းသာပ
သူ့ဂုဏ်ကို စုအုံလို့ ချီးကြရာမှ
ချုပ်တည်းကာ မျက်ရည်သုတ်ရှာကြ
(အမယ်မင်း) တစ်မုဟုတ် လတ်လတ်ဆတ်ဆတ်
ယခုလို မရဏာ လျှောရတာကြောင့်
(ပြည်သူတို့မှာဗျာ....) စုတ်တသပ်သပ်နှင့်
သူ့ကိုသာနှ မြော။
ကျိုက်လတ် ဆရာချစ်
[၁၃၀၈ ခုနှစ် နှစ်သစ်မင်္ဂလာ ဂျာနယ်ကျော် အထူးစာစောင်ကြီး၊ ၁၃ ဧပြီ ၁၉၄၆]
0 မှတ်ချက် :
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.