2010/08/19

အာဒိစ္စရယ်တဲ့ ဖန်သူရိန်၊
ပြင်လမ်းသူခွာလို့၊
ဒက္ခိဏာ ယာဉ်အစွန်းမှာ၊
ထွန်းတဲ့ ခါချိန်။
ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်၊
ခါအလို ခွာညိုသင်းပါဘိ၊
မြင်းခင်းမြတ် ခါသဘင်မှာ၊
ပျော်ရွှင်ကြ ပြည်လုံး၊
ပုဏ္ဏမာ၊
ဖုသျှငယ် ယုန်စန္ဒာနှင့်၊
မှုန်ပြာပြာ ၀ဠာတွင်းမှာလ၊
ငွေပုစွန်တာရာ လင်းတယ်၊
နှင်းမြူပိတ်ဖုံး။

မဟာဂီတ ဦးပြုံးချို

0 မှတ်ချက် :

Post a Comment