2010/08/19

ငွေနှင်းငယ်တဲ့ မှုန်ဝေေ၀၊
ပျံ့မွှေးခိုင်သဇင်နှင့်၊
ဂမုန်းအင် ပန်တော်ဦးကြတယ်၊
ထူးတဲ့လပေ။
မိဂသီ ပုဏ္ဏာလင်းပါလို့၊
ရွှေဟင်္သာ့ တာရာငွေလို၊
ဖြာဖြာဝေလျှက်စံကွန့်မြူး၊
ပဏ္ဏာတင်၊
ပိန္နဲမဟာရှင်၏၊
ခါသဘင် ပျော်ရွှင်ပွဲမှာလ၊
ဖော်ကွဲသူမကြည်သာဖို့၊
ရထည်လွှာ ခြုံလို့ကွေးရတယ်၊
အေးတဲ့ လထူး။

မဟာဂီတ ဦးပြုံးချို

0 မှတ်ချက် :

Post a Comment