စံရဝေ ဘုံမြင့်မတော့၊
ဂုဏ်တင့်တဲ့သာကီ၊
လှုံဆင့်မဲ့ပဏ္ဏာချီသည်၊
သန္ဓာရည်မောက်ဖြိုး။
ရွှေခွန်းတော် ဂတိသွေလျှင်၊
မြတ်ဘိသေ လွဲလိမ့်မည်စိုး၊
သပြေချက်ဒီဇမ္ဗူဝယ်၊
သည်တဆူရွယ်ကိုး။
ညီအတူကယ်ကြိုးလို့၊
သယ်ပိုးတဲ့ခြင်းရာ။
အဓိဋ္ဌာန် ငုံးရွှေငှက်လိုပ၊
နုံးသွေမပျက် ထားသင့်လှပါ။
နေနန်းမြင့် ဥပရာငယ်၊
သွေမဆန်းသင့် စုကလျာကို၊
ပြဒုညာမောင်တင့်တော့၊
အောင်ပန်းပွင့် နှင်းဆီရုံ၊
သင်းကြည်လို့ထုံ။
အာဒိစ္စကမ္ဗုလှုံငယ်၊
ခါမိဿ နှံပြုခြုံတယ်၊
ဗန္ဓုပုံနှယ်ဝေလျှမ်းပြောင်ဘို့လေ။
0 မှတ်ချက် :
Post a Comment