2013/08/03


ထက်မြက်သောငါတို့ရှေ့ဆောင် အို...လမ်းပြကြယ်
ဖြောင့်မတ်ခြင်း ပြတ်သားခြင်းရယ် သူချစ်ခဲ့တယ်
ရဲရင့်သောဒို့ကျောင်းသားတွေ ဗိုလ်အောင်ဆန်းလို
ဖြူစင်စွာ ပေးဆပ်ရဲရမယ်။ ။
တပ်မတော်နဲ့ငါတို့ဖခင် အို...လမ်းပြကြယ်
စွန့်လွှတ်ခြင်း စွန့်စားခြင်းရယ် တုနှိုင်းမရတယ်
ရဲရင့်သောဒို့မျိုးဆက်တွေ ဗိုလ်အောင်ဆန်းလို
ပြည်သူကို စောင့်ရှောက်ကြရမယ်။ ။
သူ့ရဲ့စေတနာတွေအားလုံးမေ့မရဘူးလေ
ဖျောက်ဖျက်မရနိုင်တဲ့သမိုင်းများ
ရှေ့ဆက်ချီမယ် အောင်ဆန်းစိတ်ဓါတ်နဲ့အညီ
ယုံကြည်ရာလမ်း ဖြောင့်အောင်လှမ်းမည်။ ။
မြင့်မြတ်သောလူထုခေါင်းဆောင် အို...လမ်းပြကြယ်
သူ့လိုပဲကိုယ်ကျိုးစွန့်မယ် ညီညွတ်ကြမယ်
တိုင်းပြည်နဲ့လူမျိုးအတွက်ဆို သခင်အောင်ဆန်းလို
အရာရာမှာ ဇွဲရှိကြရမယ်။ ။

0 မှတ်ချက် :

Post a Comment