ပန်းပွင့်ရှိမှ
ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်။
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေ ချစ်သူသိစေ။
တွေ့ခွင့်ရမှ
မင်းမျက်နှာလ၀န်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လို့နေ ချစ်သူသိလေ ။
ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်
အိပ်မက်မှာအစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ
ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ်
အိပ်မက်မှာရှိ ။
ဖွင့်ဟပြောမှ
ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိလေ။
တွေ့ခွင့်ရမှ
မင်းမျက်နှာလ၀န်း
ကြည့်ခွင့်တစ်ခါ
မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လို့နေ ချစ်သူသိလေ။
ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်
အိပ်မက်မှာ အစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ
ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ။
ဖွင့်ဟပြောမှ
ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ
ကျေးငှက်တို့ တီးတိုးသံ ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိလေ ။
မောင်စိန်ဝင်း (ပုတီးကုံး)
2010/08/19
Subscribe to:
Post Comments
(
Atom
)
0 မှတ်ချက် :
Post a Comment