2011/08/05


တေးထပ်

ဘုံတပင် နန်းမြင့်မျ၊ စန်းပွင့်သင်္ခါ၊
နွမ်းသဖြင့် တင်ပါမယ်၊ မင်္ဂလာရှိန်ကြွေ့။

ဥကင်သကျက်သရေကို၊
သက်သေစေ ဘုန်းဖြင့်မမေ့။

ထီးဖြူဖွင့် သစ္စာကိုမူမယ်၊
ချစ်ရှာသူယနေ့။

မေတ္တာတူ ပူလေ့က၊
ကူဖြည့်လို့ ကြံပါ။

စောသီတာ ဆင်းကြာကြွငယ်နှင့်
မင်းရာမ ထုံးသို့မကွာ။

ခင်းဇာလှ အုံးညာမှာ၊
ဘုန်းနှစ်ဖြာတူနီးဘို့၊
ဖြူထီးတော်ဖွင့်ပါစေ၊
လောင်းပညောင်ရေ။

အောင်ရင်ဖြင့် ရဝိဆွေငယ်၊
အဘိသေ ခံပွဲပလေး။

“၎င်းသံထောက်”

သစ်မကွာ ပွေပွေ ဆွေးသူမို့၊
ချစ်စရာရွှေရေးမွှေးကဲ့သို့၊
ပြေပြေကလေး ကြူလိုက်မယ်။

မကြံတတ်ပြီဘု၊
စံရပ်ကယ် နွယ်လာက၊
ကယ်စရာ အမှုနီးပါပေါ့။
ချီးမြှင့်တဲ့ရွယ်။

ဆွေးဘဝင် အနန္တဟာမို့၊
အရေးရှင် ကြံသမျှငယ်လို့၊
ယမံကခ, ပါတယ်။
စ,လယ်ထိတိုင် သနား။

မြေဆိုမြေ လက်ခုပ်တွင် ပမာရေသို့၊
သေလိုသေ သွေမမုန်းပါဘူးရယ်၊
ဘုန်းဘုန်းသနား။
05 Aug 2011

0 မှတ်ချက် :

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.